Wednesday, December 30, 2020

Riceberry စားခြင်းရဲ့အကျိုး​ကျေးဇူးများ

 Riceberry စားခြင်းရဲ့ အကျိုးကျေးဇူးများ


အခုနောက်ပိုင်းမှာ riceberry ဆန် ကို တော်တော်များများ စားလာကြပါတယ်။ တဖြည်းဖြည်းနဲ့ လူသိများ လာတဲ့ အတွက် riceberry ရဲ့ အကျိုးကျေးဇူး တွေ ကို ဖော်ပြပေးပါမယ်။


1. . ဓါတ်တိုးဆန့်ကျင်သတ္တိ တွေ အများကြီးပါတဲ့ အတွက်ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ ရှိတဲ့ သူတွေ အတွက် ကျန်းမာရေးအထောက်အကူဖြစ်စေခြင်း


2. အဆာခံ တဲ့ အတွက် နည်းနည်းစားတာနဲ့ ဗိုက်တင်းသလို ခံစားရတဲ့ အတွက် ဆီးချို ရောဂါ ရှိသူများ နှင့် ဝိတ်လျှော့နေသူများ အတွက် အသုံးဝင်ပါတယ်။ (ဒီနေရာမှာ ပြောချင်တာကတော့ riceberry က ကယ်လိုရီ နည်းတဲ့ ဆန် မဟုတ်ပါ၊ ပေါ်ဆန်းမွှေး ဆန် နီးပါး ကယ်လိုရီ ရှိပါသည်။ ဒါကြောင့် အများကြီးစားမယ်ဆိုရင်တော့ ဝိတ်မကျနိုင်ပါ)


3. အမျှင်ဓါတ်များပြီး gamma oryzanol ပါတဲ့ အတွက် သွေးတွင်း ကိုလက်စထရော များတဲ့ သူတွေ အတွက်လဲ triglycerides level ကို ကျစေနိုင်ပါတယ်။


4. ဖောလိတ် နှင့် သံဓါတ် များတဲ့ အတွက် သွေးအားနည်းရောဂါ ရှိသူများ အတွက် အဆင်ပြေပါတယ်။


5. ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ လဲ ဖောလိတ် ဓါတ် ပါတဲ့ အတွက်ကြောင့် ကလေး မွေးတဲ့ နေရာမှာ ဖောလိတ်ဓါတ် ချို့တဲ့ ရင် ဖြစ်တတ်တဲ့ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကလေး ယူဖို့ အစီအစဉ် ရှိကတည်း က ဖောလိတ်ဓါတ် ကြွယ်ဝတဲ့ အစားအစာ များ အားဆေးများ ကို ကြိုတင် စားပေးသောက်ပေးသင့်ပါတယ်။


6. အမျှင်ဓါတ် ကြွယ်ဝတဲ့ အတွက် ဝမ်းချုပ်တာကိုလဲ သက်သာစေပါတယ်။


7. ဗီတာမင် E ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက်ကောင်းစေပြီး၊ အသားအရေ ကို ပိုမို ကောင်းမွန်စေနိုင်ပါတယ်။


Riceberry ကတော့ အထူးသဖြင့် ဝိတ်ချချင်တဲ့ သူတွေ၊ ဆီးချို၊ သွေးတိုး ရှိတဲ့သူတွေ၊ သွေးအားနည်းရောဂါ ရှိတဲ့ သူတွေ စားသုံးသင့်တဲ့ ဆန်တမျိုးဖြစ်ပါတယ်။


အရေးကြီးတာကတော့ ပမာဏ တော့ ထိန်းစားပေးဖို့တော့လိုပါတယ်။


#crd

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

#Crd Shwe Ei

Price 10000

Mdy cash on deli

Other prepaid

☎️ 09 402780099


No comments:

Post a Comment

Lamin Online Shop

Skin care , ​ရေးချိုးဆပ်ပြာ , Chia Seed , Riceberry ဆန်, Oatmeal , Dry Seed များ,အဝတ်အထည် အသုံးအ​ဆောင်များအား ဝယ်ယူရရှိနိုင်ပါသည်။ ☎️ 09 402...